Japan နိုင်ငံကိုရောက်ရှိပြီဆိုရင် သွားရောက်လေ့လာသင့်တဲ့ နေရာလေးတွေကို ရှာဖွေ စုဆောင်းပြီး ဖော်ပြပေးထားပါတယ်။ ယခုဖော်ပြပေးထားတာတွေကတော့
တစ်ချို့တစ်ဝက်ကို ဖော်ပြပေးထားတာပါ။ နောက်ထပ် ကျန်ရှိနေတာကိုလဲ ဆက်လက်ဖော်ပြပေးသွားမှာပါ။ ဒီ site လေးကို လာလည်ပြီးတာနဲ့ Japan နိုင်ငံကို
အလည်တစ်ခေါက် ရောက်ရလာသလို ခံစားရစေမှာပါ။ လာရောက်လည်ပတ်သူ အားလုံးကိုလည်း ကျေးဇူး အထူးတင်ရှိပါတယ်နော်။
ကဲ..ဘယ်နေရာတွေကို သွားရောက်လည်ပတ်သင့်လဲ ကြည့်လိုက်ရအောင်နော်...
ကဲ..ဘယ်နေရာတွေကို သွားရောက်လည်ပတ်သင့်လဲ ကြည့်လိုက်ရအောင်နော်...
1.Tokyo Disneyland
Tokyo Disneyland လေးကတော့ လူကြီးရော ကလေးပါ စိတ်ဝင်စားကျမည့် နေရာလေးတစ်ခုပါ။ စိတ်အပန်းဖြေဖို့ အတွက် ပျော်ရွှင်စရာကောင်းတဲ့ နေရာလေးတစ်ခုပေါ့။
2.Universal Studios Japan
Singapore နိုင်ငံမှာ Universal Studios ရှိသလို Japan နိုင်ငံမှာလဲ Universal Studios ရှိသေးတယ်နော်။
3.Tokyo National Museum
Japan နိုင်ငံကိုတောင်ရောက်လာပြီဆိုမှတော့ ဂျပန်လူမျိုးတို့ရဲ့ ဓလေ့စရိုက်၊ ယဉ်ကျေးမှုတွေကို သိရအောင် Tokyo National Museum ကိုတော့ တစ်ခေါက်လောက် ဝင်လေ့လာလိုက်ပါ။
4.Fushima Inari-taisha
ဒီနေရာလေးကတော့ Japan နိုင်ငံမှာရှိတဲ့ လည်ပတ်သင့်တဲ့ နေရာတစ်ခုပါ။ Japan လူမျိုးတို့ရဲ့ ထုံးထမ်းစဉ်လာတွေကို လေ့လာနိုင်ပါတယ်။
5.Tokyo Skytree
Tokyo Skytree ကတော့ Japan နိုင်ငံမှာရှိတဲ့ မျှော်စင်ကြီးတစ်ခုပါ။ မျှော်စင်ပေါ်ကနေ Japan တစ်နိုင်ငံလုံးရဲ့ ရှုခင်း အလှအပတွေကို ကြည့်ရှုခံစားနိုင်မှာပါ။
6.Arashiyama
ဒီနေရာလေးကတော့ Kyoto မြို့မှာရှိတဲ့ ဝါးပင်တွေဘေးနှစ်ဖက်မှာ ချန်ရံထားတဲ့ စိတ်အပန်းဖြေလို့ရမည့် နေရာလေးတစ်ခုပါ။
7.Toshimaen
Toshimaen ကတော့ ရေကြိုက်တဲ့သူတွေ၊ ရေနဲ့ ကစားချင်တဲ့သူတွေ ကလေးရောလူကြီးပါ အကြိုက်တွေ့စေမည့် အပန်းဖြေစရာ နေရာလေးတစ်ခုပါ။
8.Lake Ashi
ဒီနေရာလေးကတော့ အေးချမ်းတဲ့ တောတောင်သဘာဝ ရှုခင်းတွေကို အပျော်စီးသင်္ဘောကြီးတွေ စီးပြီးခံစားနိုင်တဲ့ နေရာလေးတစ်ခုပါ။
9.Ghibli Museum
ဒီပြတိုက်ကို သွားရောက်လည်ပတ်မယ် ဆိုရင်တော့ ချစ်စရာကောင်းတဲ့ အရုပ်ကြီးတွေနဲ့ အခုလို ဆော့ကစားနိုင်မှာပါ။
10.Osaka Aquarium
Osaka Aquarium လို့ ဆိုတဲ့အတိုင်း ရေအောက်သတ္တဝါတွေရဲ့ နေထိုင်မှု သဘာဝကို မြင်တွေ့ခံစားရမှာပါ။
Shion
0 comments:
Post a Comment